
ခါးရိုးခွဲစိတ်ကုသခြင်း (Spine Surgery) လုပ်မယ်ဆိုရင် ဘာတွေ သိထားရမလဲ
(1) ခါးရိုးခွဲစိတ်ခြင်းကို ဘန်ကောက်မှာ ပြုလုပ်မယ်ဆိုရင် ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်သလဲ
လူကြီးမင်းအနေနဲ့ ခါးရိုးခွဲစိတ်ခြင်းကို ဘန်ကောက်မှာ ပြုလုပ်မယ်ဆိုရင် ပျမ်းမျှအနေနဲ့ ဘတ် လေးသိန်းမှ ခြောက်သိန်းကျော် ဝန်းကျင်အထိ ကုန်ကျနိုင်ပါတယ်။လူနာရဲ့ ရောဂါ အခံနဲ့ အခြေအနေပေါ်မူတည်ပြီး ဆေးကုသမှုကုန်ကျစရိတ် ထပ်မံကွဲပြားနိုင်ပါတယ်။
(2) ဘယ်နည်းလမ်းနဲ့ ခွဲစိတ်သင့်သလဲ ⁉
တကယ်လို့ ကိုယ်က ခါးရိုးခွဲစိတ်ခြင်း (Spine Surgery) ပြုလုပ်ဖို့ လိုလာပြီ ဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီး မှန်ပြောင်းဖြင့် ခွဲခြင်း (သို့) ဖွင့်ခွဲဖို့ လိုအပ်လာတဲ့ အချိန်တွေမှာဆိုရင် ဖွင့်ခွဲခြင်းများ ပြုလုပ်သင့်ပါတယ်။
(3) လိုအပ်လို့ ခါးရိုးကို ဖွင့်ခွဲမယ်ဆိုရင် ဘေးထွက် ဆိုးကျိုးရှိပါသလား
ဘေးထွက်ဆိုးကျိုးရှိနိုင်ပေမဲ့ တိုးတက်လာတဲ့ နည်းပညာနဲ့ကုသမှုနည်းလမ်း အသစ်များကြောင့် ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြင့် ခွဲစိတ်နိုင်လာပြီ ဖြစ်ပါတယ်။
(4) ခါးရိုးခွဲစိတ်ပြီးရင် အိပ်ရာထဲလှဲနေရမှာလား
ခွဲပြီးကာစ ပထမရက်မှာတော့ အိပ်ရာထဲလှဲနေရပါမယ်။ဒုတိယရက်မှာ ထိုင်နိုင်ပြီး တတိယရက်လောက်ဆို လမ်းစလျှောက်လို့ရပါပြီ။
(5) ခါးရိုးခွဲပြီး ဘယ်နှစ်ရက်နေရင် မြန်မာပြည် ပြန်လို့ရမလဲ
ခွဲစိတ်ပြီး ငါးရက်မြောက်နေ့မှာ ရက်ချိန်းပြန်ပြပြီးတာနဲ့ မြန်မာပြည် ပြန်လို့ရပါတယ်။နောက်ပိုင်း လိုအပ်တဲ့ ကုသမှုတွေကိုလဲ online ကနေ အလွယ်တကူ tele consultation ပြုလုပ်လို့ရပါတယ်။