Hotline: +95 9 752 818542 (MDY), +95 9 943 218542 (YGN)

ဘာလက္ခဏာမှ မပြပဲ ဝမ်းဗိုက်ညာဖက်ခြမ်း အောင့်နေရင် ဒီစာက သင့်အတွက်ပါပဲ

ဘာလက္ခဏာမှ မပြပဲ ဝမ်းဗိုက်ညာဖက်ခြမ်း အောင့်နေရင် ဒီစာက သင့်အတွက်ပါပဲ

တကယ်လို့ သင့်အနေနဲ့ အခြား ရောဂါလက္ခဏာများကို ခံစားရခြင်းမရှိပဲ ဝမ်းဗိုက်ညာဖက် အပေါ်ပိုင်းက ပြင်းပြင်းထန်ထန်နာကျင်လာပြီဆိုရင် ဒါဟာ သည်းခြေကျောက်တည်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နေနိုင်ပါတယ်။

သည်းခြေကျောက်တည်ခြင်းဟာ အဖြစ်များတဲ့ Biliary tract disease တစ်မျိုးပဲ ဖြစ်ပြီး အသက် ၃၀ မှ ၅၀ ကြား အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါပဲ ဖြစ်ပါတယ်။

သည်းခြေကျောက်တည်ခြင်းသည် အသက်အရွယ်ကြီးရင့်သူများ၊ အဝလွန်ရောဂါကို ခံစားနေရသူများ၊ သွေးတွင်းအဆီများသူများ‌၊ မျိုးရိုးရှိသူများ၊ ဆီးချို၊ အသည်းရောဂါ၊ အသည်းအဆီဖုံးရောဂါများ ရှိသူများ၊ အဆီကျဆေးများ၊ ဟော်မုန်းပါဝင်သော ဆေးများ သောက်သုံးနေသူများ စတဲ့သူတွေမှာလဲ အဖြစ်များတာကို တွေ့ရပါသည်။

သည်းခြေကျောက်‌တည်ခြင်း ခံစားနေရပြီဆိုရင် ဝမ်းဗိုက်ညာဖက် အပေါ်ပိုင်း ပြင်းထန်စွာနာကျင်ခြင်း၊ အဖျားတက်ခြင်း၊ ပျို့အန်ခြင်း၊ အစာစားချင်စိတ်လျော့နည်းလာခြင်း၊ အဆီများသော အစာများစားလျှင် အစာမကြေခြင်း၊ မျက်လုံးဝါပြီး အသားဝါလာခြင်း၊ ညာဖက်လက်ပြင်၊လက်မောင်းများအောင့်ခြင်း စတဲ့ လက္ခဏာတွေ ခံစားလာရမည် ဖြစ်ပါသည်။

ပုံမှန်အားဖြင့် သည်းခြေကျောက်တည်ခြင်းဟာ ထင်ရှားတဲ့လက္ခဏာ ပြလေ့မရှိသော်လည်း မတ်မတ် မထိုင်နိုင်အောင် ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း(သို့)မျက်လုံးဝါခြင်း၊ အဖျားတက်ခြင်း စတဲ့ ပြင်းထန်လက္ခဏာမျိုးတွေ ခံစားလာရပြီဆိုရင်တော့ မပေါ့ဆဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းများကို အမြန်ဆုံးသွားရောက်ပြီး စစ်ဆေးကုသမှု ခံယူသင့်ပါပြီနော်...

အကယ်၍ သည်းခြေကျောက်တည်ခြင်းအတွက်ဘန်ကောက်နဲ့အိန္ဒိယ နိုင်ငံများမှာဆေးစစ်ကုသမှု ခံယူလိုပါက ကျွန်မတို့ Mandalay Medical Service နဲ့ ချိတ်ဆက်ပြီး ကုသနိုင်မှာပဲ ဖြစ်ပါတယ်ရှင်..