Hotline: +95 9 752 818542 (MDY), +95 9 943 218542 (YGN)

အသည်းရောင် အသားဝါ (A) ဆိုတာ ဘယ်လို ရောဂါလဲ

အသည်းရောင် အသားဝါ (A) ဆိုတာ ဘယ်လို ရောဂါလဲ

မြန်မာပြည်မှာ အဖြစ်များလာတဲ့ အသည်းရောင်အသားဝါရောဂါ (အေ) ဆိုတာ.. ဘယ်လို ရောဂါလဲ ဘယ်ကနေ ကူးစက်နိုင်သလဲ ရောဂါလက္ခဏာက ဘာတွေလဲ ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ
အသည်းရောင် အသားဝါ (အေ) ဆိုတာ အသည်းကိုထိခိုက်စေတဲ့ virus တစ်မျိုးဖြစ်တဲ့ HAV Virus ကူးစက်ခံ ရရာက ဖြစ်ပေါ်လာတဲ့ အသည်းရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
အသည်းရောင် အသားဝါရောဂါ (အေ) ဟာ လူအများစုမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် မသန့်ရှင်းသော ရေနှင့်အစားအစာများကို စားသုံးမိသူများ၊ ရောဂါပိုးရှိသူ နဲ့ အနီးကပ်ထိတွေ့ဆက်ဆံမိသူများ၊ ရောဂါပိုးရှိသူ နဲ့ လိင်ဆက်ဆံမိသူများ စသည်တို့တွင် ပိုမို အဖြစ်များတာကို တွေ့ရပါသည်။
 အသည်းရောင် အသားဝါ (အေ) ရောဂါမှာ တွေ့ရတဲ့လက္ခဏာတွေကတော့.. ပျို့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အရေပြားနှင့် မျက်လုံးဝါခြင်း၊ ကိုယ်ပူခြင်း၊ ဆီးအရောင်ရင့်ရင့်သွားခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
အသည်းရောင် အသားဝါ (အေ) ဖြစ်မွားမှုကို ကာကွယ်နိုင်ရန်..
 လက် သေချာဆေးပါ။
 ဖြစ်နိုင်လျှင် ရေကို ကျိုချက်သောက်ပါ။
 အသား၊ငါးနှင့်ပင်လယ်စာများ အစိမ်းစားခြင်း (သို့) မကျက်တကျက် စားခြင်းကို ရှောင်ကြဉ်ပါ။
 လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပါ။