
နှလုံးသားလေး မနာကျင်ရအောင် ဒီအချက်တွေဆောင်
လူ့ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းဟာ နှလုံးပဲဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်ရှိပြီး တစ်မိနစ်ကို အကြိမ် ၆၀ မှ ၁၀၀ ကြားနဲ့ တစ်နေ့ကို အကြိမ်ပေါင်း ၁၀၀၀၀ လောက်ခုန်ပါတယ်။
နှလုံးကျန်းမာဖို့အတွက် အရေးအကြီးဆုံးအချက်တွေကတော့ လေ့ကျင့်ခန်းနဲ့အစားအသောက်စတာတွေဖြစ်ပြီး အဓိက အားဖြင့် အစားအသောက်ကတော့ လေ့ကျင့်ခန်းထက်ပိုပြီး အရေးကြီးပါတယ်။
နှလုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တာကြောင့် နှလုံးကျန်းမာရေးမထိခိုက်အောင် အောက်ပါအချက်များကို လိုက်နာသင့်ပါတယ်။
(1) နှလုံးကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားအစာကို ရွေးချယ်စားသောက်ပါ။
(2) နှလုံးကျန်းမာရေးအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပါ။
(3) စိတ်ပင်ပန်းမှုကို တတ်နိုင်သမျှ လျှော့ချပါ။
(4) ဆေးလိပ်သောက်ခြင်းနဲ့အရက်သောက်ခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။
(5) အချိန်မှန်မှန် အနားယူအိပ်စက်ပါ။
(6) နှလုံးကျန်းမာရေးအတွက် လိုအပ်သည့် စစ်ဆေးမှုများကို နှစ်စဉ်ပြုလုပ်ပါ။
နှလုံးကျန်းမာရေးအတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်လိုပါက Mandalay Medical Service ကို သတိရပါ။